ဂူ
ဂူ
ဂူ (နာမ်)
၁။ ကျောက်တောင် စသည်တို့၏ နံဘေးတွင် ရှိသော တွင်းခေါင်းကြီး။ လိုဏ်။ အုတ်အင်္ဂတေတို့ဖြင့် ပြုလုပ်ထားသော လိုဏ်။
၂။ လိုဏ်ခေါင်းခံ၍ အုတ်အင်္ဂတေတို့ဖြင့် တည်ဆောက်အပ်သော ဘုရား။ "မြတ်စွာဘုရား၊ ငါ့သားများကို၊ ဘုရားလေး ဆူ၊ ဂူလေးလုံးသို့။" ကိုး ၂၂၇။
၃။ လူသေရုပ်အလောင်းကို သွင်းမြှုပ်ထားရာ အုတ်တိုက်။ [ပါ]
-ဆက်ရန်-
ဂု
ဂု
ဂုဏဝုဎို (နာမ်)
အရည်အသွေး၊ အစွမ်းသတ္တိအားဖြင့် ထူးမြတ်ကြီးမားခြင်း။ "သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ်ဖြင့် ကြီးခြင်း တည်းဟူ သော ဂုဏဝုဎို။" စွယ်၊ ဒု။ ၃၆၉။ [ပါ]
-ဆက်ရန်-
ဂိ
ဂိ
ဂိမှာန် (နာမ်)
တပေါင်းလပြည့်ကျော် တရက်မှ ဝါဆိုလပြည့်နေ့အထိ ဖြစ်သော နွေဥတု။ "ရပ်ချောင်တောစွန်၊ ဟိမဝန်တွင်၊ ဂိမှာန်နွေခါ၊ မိုးမရွာသော်။" ဘုံ၊ ၂၉။ [ပါ]
-ဆက်ရန်-
ဂီ
ဂီ
ဂီတ (နာမ်)
သီဆိုခြင်း။ သီဆိုတီးမှုတ်ခြင်း။ သီချင်း။ "၃ မတြာစင်ဖြစ်ခဲ့က ဗျူတာပေါက်၏ဟု ဆရာမြတ်တို့ အမိန့်ရှိသည်။ ဗျူတာ ပေါက်၏ဟူသော စကားကိုလည်း ဂီတအသံသို့ ရောက်၏ဟူ၍ မိန့်ကုန်သည်။" ဝေါ။ ၂၇။ [ပါ]
-ဆက်ရန်-
ဂါ
ဂါ
ဂါထာ (နာမ်)
၁။ ဆန်းကျမ်းတွင် ပြဆိုထားသည့်စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။ ပါဠိကဗျာ။
ဂါရဝတရား မျိုးဆယ်ပါး
ဗုဒ္ဓဘာသာဝင်များ လိုက်နာရိုသေရမည့်တရား (၁ဝ)ပါး ဖြစ်၏။
(၁) ဘုရားရှင်အား ရိုသေလေးစားခြင်း-ဗုဒ္ဓဂါရဝ။
(၂) တရားတော်အား လေးစားရိုသေခြင်း-ဓမ္မဂါရဝ။
(၃) သံဃာတော်အား လေးစားရိုသေခြင်း-သံဃဂါရဝ။
(၄) ကိုယ်ကျင့်တရား ကောင်းခြင်း၌ ရိုသေခြင်း-သိက္ခာဂါရဝ။
(၅) ဖြောင့်မှန်တည်ကြည်မှု၌ ရိုသေခြင်း-သမာဓိဂါရဝ။။
(၆) ကောင်းမှုမင်္ဂလာတရား၌ မမေ့မပေါ့ ရိုသေလေးစားခြင်း-အပ္ပမာဒဂါရဝ။
(၇)ပေါင်းသင်း ဆက်ဆံမှု၌ ပြေပြစ်ချောမော လိုက်လျောညီစွာ လေးစားခြင်း-ပဋိသန္ဓာရဂါရဝ။
(၈) မကောင်းမှု ပြုခြင်း၌ ရှက်ကြောက်ခြင်း-ဟီရိဂါရဝ။
(၉) မကောင်းသောအလုပ်ကို ပြုလုပ်ရမည်၌ ကြောက်ရွံ့ လေးစားခြင်း-ဩတ္တပ္ပဂါရဝ။
(၁ဝ) အတူနေသူ အချင်းချင်း၌ လေးစားခြင်း-အညမညဂါရဝ။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)
-ဆက်ရန်-