စွေ့

စွေ့


စွေ့ (နာမဝိ)

သေးငယ် ပိန်ချွန်းသော။

(နာမ်) နှုတ်သီး ချွန်းသော ရှဉ့်ငယ်တမျိုး။




-ဆက်ရန်-

စွေ

စွေ


စွေ (ကြိ)

(မိုး) အဆက်မပြတ် ရွာသည်။ "မိုးနှယ်စွေ၍ ရေနှယ်စီး။" ဒေါသ။ ၆၅။


စွေ (နာမဝိ)

အနည်းငယ် စွေစောင်းသော။ မဖြောင့် မတည့် ဖြစ်သော။ "မျက်လုံး စွေပြီး ကြည့်နေစဉ်။" သုည။ ၆။




-ဆက်ရန်-

စွ

စွ


စွ (စည်း)

လွန်သော ကဲသော အနက်ကို ပြသည့် စကားလုံး။ "ပညာရှိစွ၊ ပဏ္ဍိတကား၊ သာရဖြည့်ကြွယ်၊ ရှားသဘွယ်သို့။" မဂ်စိုး။ ၄၈။ "သင်၏သားကား ထူးခြားလှလေစွ။" ဇိ။ ၃ဝ၂။ "ဪချမ်းသာစွ ချမ်းသာစွ။" ဇဇာတ်။ ၁၄ဝ။




-ဆက်ရန်-

စွာ

စွာ


စွာ (ကြိ)

(၁) ပိုသည်။ မောက်သည်။




-ဆက်ရန်-

စုံး

စုံး


စုံး (ကြိဝိ)

လုံးဝ (နစ်မြုပ် ဝင်ပျောက်လျက်။) "တကိုယ်လုံး စုံးစုံး​မြုပ်အောင် ပုန်းရှောင် ထွက်ခွာခဲ့ပြီး။" စာဆို။ ၇ဝ၉။




-ဆက်ရန်-