စွပ်

စွပ်


စွပ် (ကြိ)

(၁) အပေါက်တွင်းသို့ တစုံတရာကို လျှိုသွင်းသည်။


စွပ်ကျယ် (နာမ်)

ဝတ်လျှင် ကျယ်သွားသော ယောက်ျားဝတ် အတွင်းခံအင်္ကျီတမျိုး။


စွပ်စွဲချက် (နာမ်)

စွပ်စွဲပြောဆိုချက်။




-ဆက်ရန်-

စွန်း

စွန်း


စွန်း (ကြိ)

(၁) (အရောင်) ငြိစွဲသည်။




-ဆက်ရန်-

စွန်

စွန်


စွန် (နာမ်)

(၁) သီတင်းကျွတ်လလောက်တွင် ရောက်လာ၍ ကောင်းကင်တွင် ဝဲကာ ငှက်ငယ်၊ ကြက်ငယ် စသည်တို့ကို ထိုးသုတ် စားမျိုသော ငှက်။

(၂) စက္ကူကို ဝါးကိုင်းတံ၊ ကျောတံတို့ဖြင့် ကြက်၍ ဆိုင်းကြိုးတပ်ကာ ကောင်းကင်လေထုတွင် လွှတ်ကစားရသော အရာ။ လေတံခွန်။




-ဆက်ရန်-

စွန့်

စွန့်


စွန့် (ကြိ)

(၁) မလိုသည်တို့ကို လွှင့်ပစ်သည်။


စွန့်ကြဲ (ကြိ)

လှူသည်။ ပေးကမ်းသည်။


စွန့်ခြင်းကြီး(၅)ပါး

(၁) ဓနပရိစာဂ - ဥစ္စာပစ္စည်းတို့ကို စွန့်ခြင်း။

(၂) ပုတ္တပရိစာဂ - သားသမီးတို့ကို စွန့်ခြင်း။

(၃) ဘရိယပရိစာဂ - မယားကို စွန့်ခြင်း။

(၄) အင်္ဂပရိစာဂ - ခြေလက်မျက်စိ စသော ကိုယ်အင်္ဂါကို စွန့်ခြင်း။

(၅) ဇီဝိတပရိစာဂ - အသက်ကို စွန့်ခြင်း။ (ဗဟုသုတ ပုလဲပန်းကုံး)


စွန့်အပ်သော မယား(၅)ပါး

(၁) မြုံသော မိန်းမလည်း တစ်ပါး ဖြစ်သည်။

(၂) သားယောက်ျား မမွေး၊ သားမိန်းမသာ မွေးသော မိန်းမ။

(၃) နူနာရှိသော မိန်းမလည်း တစ်ပါး ဖြစ်သည်။

(၄) အကျင့်သွမ်းသော မိန်းမလည်း တစ်ပါး ဖြစ်သည်။

(၅) လင်ကို မမြတ်နိုးသော မိန်းမလည်း တစ်ပါး ဖြစ်သည်။ (ဗဟုသုတ ပုလဲပန်းကုံး)



-ဆက်ရန်-

စွတ်

စွတ်


စွတ် (နာမ​ဝိ)

ရေ သို့မဟုတ် အရည်ဖြင့် စိုသော။ "ရွှမ်းရွှမ်းစွတ်အောင် ရေပက်ရ၏။" မှန်၊ ပ။ ၃၈၁။




-ဆက်ရန်-