တီး

တီး


တီး (ကြိ)

(၁)စည်၊ စောင်း၊ မောင်း၊ လင်းကွင်း စသည်တို့ကို အသံမြည်အောင် ရိုက်ခတ်သည်။


 



-ဆက်ရန်-

တီ

တီ


တီ (ကြိ)

စ၍ အသစ်ပြုလုပ်သည်။။ ထွင်သည်။ အထူးသဖြင့် လယ်သစ်ထွင်သည်။ "ယာသင်လယ်တီ၊  တံဆယ်ဖီသား" ကိန္နရီ၊ ၅၄။


 


-ဆက်ရန်-

တား

တား


တား (ကြိ)

ကာဆီးသည်။ ဆီးသည်။ မြစ်သည်။ ဟန့်သည်။ ဆို့ပိတ်သည်။ ပိတ်ပင်သည်။


တား (ကြိ)

အရေးအကြောင်း ဆွဲသည်။ သားသည်။ "ခဲတံနှင့်မျဉ်းကြောင်းကလေး လှလှတားပြီးမှရေးရသည်။" မျက်ပွင့်၊ ၁။ ၂၄။


 


-ဆက်ရန်-

တိ

တိ


တိ (ကြိ)

(၁)တိုအောင်၊ တုံးအောင်၊ ညီအောင် ဖြတ်တောက်သည်။ "အရိပ်ကို မသိ။ အညွန့်ကို တိရော့မည်။" မွေ့။ ၃၄။

(၂)မပိုမလိုဖြစ်သည်။ "နားခွက်မငယ်၊ တိကျယ်နဖူး၊ ကော့ဖြူးမျက်တောင်။" ကိုး၊ ၁၁၉။


တိဒိသမြို့

တိဒိသသည် ဝဇ္ဇီတိုင်း၌ တည်ရှိသည့် ပုရမြို့ ဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက်တွင် မြတ်စွာဘုရား၏ ဆံ​တော်တစ်ဆုပ်၊ သွားတော်တစ်ဆူနှင့် မျက်လုံးတော်တစ်ဖက်ကို စေတီ တည်ထားသည့် မြို့ ဖြစ်သည်ဟု တရုတ်ရဟန်း တော် ဖာဟိယန် မှတ်တမ်း၌ ဖော်ပြထားသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


တိဝရမြို့

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာအထက်၌ သိဒ္ဓတ္ထမြတ်စွာဘုရား ပွင့်တော်မူစဉ် ဥပ္ပဟတ္ထိယမထေရ် မွေးဖွားရာမြို့  ဖြစ်သည်။ သိဒ္ဓတ္ထမြတ်စွာဘုရားသည် ဝေဘာရမြို့၌ ဖွားမြင်တော်မူခြင်း ဖြစ်သည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်း ရုပ်ကြွင်း ပုံရိပ်လွှာများ)





-ဆက်ရန်-

တာ

တာ


တာ (ကြိ)

အလျားအနံ စသည်တို့ကို တိုင်းတာသည်။ "မြင့်လှထက်ဝါ၊ အချင်းတာသော်၊ တယူဇနာ၊ အံ့အာသရဲ။" တန်ရ။ ၂(၅)။

"ကြိုးခင်း၍ တာသော်၄င်း၊ တာဝါးဖြင့် တာသော်၄င်း။" ပါရာထာနိ။ ၄၃၈။

(နာမ်)(၁)အကွာအဝေး အတိုင်းအရှည်။(ကုလလေးတာခေါ်သော အရညကင်တာ(လေးတောင်)၊ မြင်းမိုရ်တာ(ခုနစ် တောင်)၊ စက္ကဝါတာ(ဆယ်တောင်) စသည်ဖြင့် အမျိုးမျိုးရှိသည်။) "အရှေ့အနောက်၊ တောင်မြောက် တာပေါင်း၊ လေး သောင်းအပြင်။" ထီလာ။ ၇။

(၂)အပြေးပြိုင်ရာလမ်း။ "တာတိုပြေးပွဲ၌ပင်လျှင် အမောဆို့လာသောအခါ။" လူထုပညာ၊ ၃။ ၂၁။

(၃)တူးဖို့ထားသော ကုန်းရိုးကုန်းတန်း။ "ကျုံးတာ အလုပ်အ​ဆောင်အမှု။" လွှတ်။ ၇။


တာပိန်ခရီးသည်

တောင်တန်းညို ပြာချိတ်တော့

ချောင်းရိပ်က အနက်ခြယ်

ချောင်းရိုးကသွယ်

ပေါင်းမိုး အပြာပြယ်နဲ့

ခရီးသွယ်(သည်) ဘယ်စခန်းဆီထိ

ရောက်မည်သိမှန်း။

ဗန်းမော်ညိုနွဲ့

စန္ဒာမဂ္ဂဇင်း၊ ၁၉၈၉၊ ဇွန်၊ မှတ် ၂၃၅။


 




-ဆက်ရန်-

 

More Articles...