ပဏ်

ပဏ်


ပဏ္ဍိတ (နာမ်)

ပညာရှိ။ [ပါဠိ]


ပဏ္ဍုကမ္ဗလာ (နာမ်)

သိကြားမင်း၏နေရာ ကျောက်ဖျာ။ [ပါဠိ]


ပဏ္ဍုက် (နာမ်)

ဖိုမလိင် မထင်ရှားသောသူ။ နပုန်း။ [ပါဠိ]


ပဏ္ဍိတ် (နာမ်)

ပညာရှိ။ [ပါဠိ]


ပဏ္ဏကတမြို့

ပဏ္ဏကတသည် ဧသိကတိုင်း၌ တည်ရှိသော နဂရမြို့ ဖြစ်သည်။ ပဏ္ဏကတမြို့သည် ပါလကဒ (သို့) ပါလကတနှင့် အမည်သာ ကွဲ၍ နေရာတူသော မြို့ ဖြစ်သည်။ စတုရိတ္ထိနတ်သမီးသည် မျက်မှောက်ဖြစ်သော အကျိုး၏ (ကုသိုလ်ကံ ထူးပြုခဲ့ပုံ)ကို ပြောပြသည်မှာ- "ကျွန်ုပ်သည် ဧသိကတိုင်း၊ ကုန်းမြင့်အရပ်တွင် နှလုံးမွေ့လျော် ပျော်ဖွယ်ရှိသော ပဏ္ဏ ကတမြို့တော်၌ ဆွမ်းခံ လှည့်လည်သော ရဟန်းအား ငုရွှေပန်းစည်းကို ပေးလှူခဲ့ပါ၏" ဟု ဖြစ်သည်။ ပဏ္ဏကတမြို့ သည် ကေရလာ (Kerala) ပြည်နယ်၊ ပါလဃာတ် (Palghata) ဖြစ်သည်။ ပဏ္ဏကတမြို့သည် ပဏ္ဏကတ ဟု အမည် ပေးထားသော အနောက်ပိုင်း ဃာတ်တွင် တောင်ကြို တောင်ကြား၌ တည်ရှိလေသည်။ ထိုနေရာ၌ ရှေးခေတ် ခံတပ် တစ်ခု ရှိသည်။ အနောက်ဖက် ကမ်းရိုးတန်းအတွက် စစ်ရေးနှင့်ဆက်သွယ်ရေး ဆောင်ရွက်သော နေရာ ဖြစ်သည်။ ပဏ္ဏကတမြို့၌ လက်ရှိခံတပ်၏ ခေတ်ကာလကို မပြောနိုင်သဖြင့် မောရိယ (Mauray) ခေတ်ဟု မှန်းဆရပေသည်။    (​မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပဏ္ဏာ (နာမ်)

(၁)သဝဏ်ဆက်စာ။ မှာစာ။

(၂)လက်ဆောင်ပစ္စည်း။ (လက်ဆောင်ပဏ္ဏာ ဟု တွဲဖက် သုံးလေ့ရှိသည်။) [ပါဠိ]


ပဏ္ဏာကာရ (နာမ်)

လက်ဆောင်ပစ္စည်း။ [ပါဠိ]





-ဆက်ရန်-