ရောင်

ရောင်


ရောင် (နာမဝိ)

အသားအရေ စသည် ပကတိမျက်နှာပြင်မှ မြင့်မို့ ကြွဖောင်းသော။ ဖူးဖူးတက်သော။"မျောသားပုပ်ရောင်၊ ဆင်သေ ကောင်ထက်။" မဃ၊ ၁၁၂။


ရောင်တော်ပြန်နှင့် ရောလွှတ်သည် (အယောင်လိုက်၍ မှီတွယ်သည်၊ သူတပါး အရှိန်အဝါကို အခွင့်​ကောင်းယူ၍ ဟန်ပြ ဝင့်ဝါသည်)

ဘုရားစေတီများ ရောင်ခြည်တော် လွှတ်သည့်အခါတွင် ရောင်ခြည်တော် ထွက်နေသည့်အခိုက် လူသူတော် ဆိုသူတို့က လည်း ဘုရားစေတီ ထိပ်ဖျားသို့ တက်၍ မိမိတို့ တန်ခိုးကိုယ်ရောင်အဟန်ဖြင့် ကိုယ်ရောင်လွှတ်ပြတတ်သည်ကို ပမာ ပြု၍ မိမိပင် ကိုယ်အစွမ်းအစ အရှိန်အဝါ မရှိပဲ သူတစ်ပါး၏ အရှိန်အဝါကို အရိပ်ခို ရောဝင်၍ အစွမ်းဟန်ပြခြင်းများ ကိုလည်းကောင်း၊ သူတစ်ပါး၏ အငှား အရှိန်အ​ဝါဖြင့် ဝင့်ဝါခြင်း၊ အရေခြုံခြင်း၊ ရှေ့စကား အလိုက်အထိုက်ကို မျှော လိုက်၍ အလိုက်သင့် ရောနှော ပြောဆိုခြင်း စသည်များကို ရောင်တော်ပြန်နှင့် ရောလွှတ်သည်ဟု ဆိုကြသည်။ (မြန်မာဘန်းစကား - လှသမိန်)




-ဆက်ရန်-

ရင်း

ရင်း


ရင်း (နာမ်)

(၁) အခြေခံ။ မူလ။ (အကြောင်းရင်း၊ အနက်ရင်း စသည်ဖြင့် အသုံးရှိသည်။)

(၂) တစုံတခု၏အနီး ကျဆုံးသောနေရာ။ (ခြေရင်း၊ ထံရင်း၊ ခေါင်းရင်း၊ လက်ရင်း စသည် အသုံးရှိသည်။)




-ဆက်ရန်-

ရင်

​ရင်


ရင် (နာမ်)

(၁) သတ္တဝါတို့၏ ကိုယ်ရှေ့ဘက် အထက်ပိုင်း။ အက္ခရာ၏ရှေ့ အထက်ပိုင်း။


 



-ဆက်ရန်-

ရင့်

ရင့်


ရင့် (နာမဝိ)

(၁) (အသီး၊ အပင်၊ အရိုး၊၊ အသက်၊ အရွယ်၊ ရောဂါ စသည်တို့) ကြီးပွားခြင်း၊ ကြမ်းထော်ခြင်း၊ အိုမင်းခြင်း စသည်သို့ ရောက်သော။

(၂) (အတွေ့အကြုံ၊ လုပ်သက်၊ ဆည်းပူးမှုစသည်) ကြာမြင့်သော၊ ပြည့်စုံသော။




-ဆက်ရန်-

​ရိုက်

​ရိုက်


ရိုက် (ကြိ)

(၁) တစုံတခုသော အရာကို လက်နှင့်ဖြစ်စေ၊ အရာဝတ္ထုတခုခုနှင့်ဖြစ်စေ အားအဟုန်ဖြင့် ထိခတ်သည်။ ပုတ်သည်။ ခတ်သည်။ (တုတ်နှင့် ရိုက်၊ လှိုင်းရိုက်၊ တို့ပတ်ရိုက် စသည် အသုံးရှိသည်။)

(၂) ထိတွေ့သည်။




-ဆက်ရန်-