​ရောက်

​ရောက်


ရောက် (ကြိ)

(၁) တစုံတခုသော သွားလာလိုရာသို့ ချဉ်းကပ်မိသည်။ ဆိုက်သည်။

(၂) အခါကာလ တစုံတရာ ကြုံကြိုက်လာသည်။


 


-ဆက်ရန်-

ရုက်

ရုက်


ရုက္ခစိုး (နာမ်)

သစ်ပင်တစုံတရာ၌ ခိုမှီ စောင့်ရှောက်နေသော နတ်။ သစ်ပင်စောင့်နတ်။


ရုက္ခဗေဒ (နာမ်)

အပင်များနှင့် ပတ်သက်သော ပညာရပ်။ [ပါဠိ]


ရုက္ခဗေဒဥယျာဉ် (နာမ်)

အပင်များ၏ သဘာဝကို စမ်းသပ် လေ့လာစူးစမ်းရန် စိုက်ပျိုးထားသော ခြံမြေကွက်။


ရုက္ခမူဆား (နာမ်)

သစ်ပင်အမြစ်၊ အခေါင်း စသည်တို့ကို မီးဖုတ်၍ ရရှိသည့်ပြာကို ချက်ရာမှ ရသော ဆား။




-ဆက်ရန်-

ရက်

ရက်


ရက် (နာမ်)

သန်းခေါင််အချိန်မှ နောက်သန်းခေါင်အချိန်အထိ စက် ၂၄ နာရီကာလ။ ယင်းကာလကို ပိုင်းခြား မှတ်သားသည့် အမည်။


ရက်ကန်းရှည်သည် (အပြန်ပြန် ခေါက်လှယ်သွားလာသည်)

ရက်ကန်းစင်များတွင် အလျားလိုက် တိုင်ချည်သွယ်တန်းသည်ကို ရက်ကန်းရှည်သည်ဟု ဆိုသည်။။ ထိုသို့ ရှည်ရာတွင် အဆုံးမရှိသော ချည်ပင်ကို အသွားအပြန်အားဖြင့် အပြိုင်ပြိုင် သွယ်တန်းရသော သဘော ရှိသဖြင့် ထိုနည်းအတိုင်း မပြတ် ကူးချည်သန်းချည် သွားလာလည်ပတ်ခြင်းကို တင်စား၍ ရက်ကန်းရှည်သည်ဟုပင် သုံးနှုန်းသည်။ (မြန်မာ ဘန်းစကား - လှသမိန်)



-ဆက်ရန်-

ရိက္ခာ

ရိက်


ရိက္ခာ (နာမ်)

(၁) အမှုထမ်းတို့ စားသုံးရန် စုဆောင်း သိမ်းဆည်းထား၍ အချိုးကျ ဝေငှပေးသော စားသောက်ဖွယ်ရာ ပစ္စည်း။ အစားအစာ။

(၂) နောင်အခါ စားသုံးရန် စုဆောင်းထားသော စားသောက်ဖွယ်ရာ ပစ္စည်း။

(၃) အမှုထမ်းတို့အား ထောက်ပံ့သော လစာ။ "လစာရိက္ခာ ပေး၍  အလုပ်ကို ခိုင်းသော သခင်။" အာဂလူ။ ၁၇။ [ပါဠိ]




-ဆက်ရန်-

ရိုး

ရိုး


ရိုး (နာမဝိ)

(၁) ဖြောင့်မတ် တည်ကြည်သော။ လိမ်လည် ကောက်ကျစ်ခြင်း ကင်းသော။

(၂) လော်လည်ခြင်း မရှိပဲ၊ အစဉ်အလာ နေထိုင် စားသောက် ပြုမူမြဲအတိုင်း စွဲတည်သော။ အေးဆေး တည်ငြိမ်စွာ နေတတ်သော။

(၃) ဆန်းကွန့်ခြင်း မရှိသော။ သာမန်အတိုင်း ဖြစ်သော။

(၄) ခေတ်နောက်ကျသော။ "ဒီအဆင် ဘယ်တော့မှ မရိုးနိုင်ဘူး။"

(၅) တွေ့မြင် ကြားသိနေကျ ဖြစ်သော။ "အပြောအဆိုများ၍ အကြားရ ရိုးနေသဖြင့် ကောသလမင်းကြီးရဲ့ဝတ္ထုကို။" သာရိ၊ မ။ ၁၁၈။

(နာမ်) (၁) အစဉ်အလာ ပြုမြဲ အလေ့အထ။ ထုံးစံ။ အစဉ်အလာ။ "တောတောင်အတွင်းမှာ ပေါက်ရိုးထုံးစံ ရှိပါသည်။" ထီး၊ ပ။ ၆၇။

(၂) အမျိုးအနွယ် (သူကြီးရိုး တွင်းစားရိုးဟူ၍ အသုံးရှိသည်။)



-ဆက်ရန်-