အံ့

  • Print

အံ့

အံ့၊ ဦး၊ တရားသူကြီး

ဦးအံ့သည် သီပေါမင်းလက်ထက်တွင် မဟာမင်းကျော်ရာဇာဘွဲ့ခံ ရေနံ့သာမြို့စား တရားသူကြီး အဖြစ် အမှုထမ်းခဲ့ပါ သည်။ အသေးစိတ် အချက်အလက်များကိုမူ မသိရပေ။ (ကုန်းဘောင်ခေတ် မင်းမှု ထမ်းများ အဘိဓာန်-တင်နိုင်တိုး)

အံ့ကိုး၊ ဦး၊ သံတော်ဆင့်

သံတော်ဆင့် ဦးအံ့ကိုးသည် ဝက်မစွတ်ဝန်ထောက်ဦးလတ်၏တူဝမ်းကွဲတော်စပ်သူ ဖြစ်သည်။ သူ၏ဇနီး သံတော်ဆင့် ကတော်ခင်ခင်(ရေနံတွင်းစားရိုး)မှာ မြဝတီမင်းကြီးဦးစ၏တူမအရင်း ဒေါ်ဖြူနှင့်ဦးစံခိုင်တို့က ဖွားမြင်သူ ဖြစ်သည်။ ဦးအံ့ကိုးနှင့်ခင်ခင်တို့က မောင်မောင်တင့်၊ မခင်နှင်းနှင့်မခင်သစ်ဆိုသူ သားသမီး(၃)ဦးကို ဖွားမြင်ခဲ့ပါသည်။ (ကုန်း ဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-