အူး

အူး

အူး (နာမ်)

မြန်မာသရ (၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၉)လုံးမြောက်သရ။


-ဆက်ရန်-

အူ

အူ

အူ (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင် ဖြစ်သော (၈)လုံးမြောက်သရ။

အူ၊ ဦး၊ လွှတ်တော်စာရေးကြီး

ဦးအူသည် မင်းတုန်းမင်းလက်ထက်တွင် လွှတ်တော်စာရေးကြီးရာထူးဖြင့် အမှုထမ်းရွက်ခဲ့၏။ ၁၈၇၃ ခုနှစ်တွင် ဦးအူ ခေါင်းဆောင်သော သံအဖွဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ သွားရောက်ခဲ့ရ၏။ သူနှင့်အတူ စာရေးကြီးဦးသာဘူးနှင့် ဗြဲတိုက်သံတော်ဆင့် ဦးတုတ်တို့လည်း လိုက်ပါခဲ့ကြသည်။ စာရေးတော်ကြီးဦးအူသည် ရတနာပုံမန္တလေးမှ တရုတ်နိုင် ငံ ပေကျင်းမြို့အထိ အသွားလမ်းခရီးတိုင်စဉ်လင်္ကာကို ရေးဖွဲ့မှတ်တမ်းတင်ခဲ့သည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်း များအဘိဓာန်-တင်နိုင်တိုး)

အူ၊ ဦး၊ အုတ်ဝန်

ပုဂံမင်းလက်ထက်တွင် အုတ်ဝန်ရာထူးဖြင့် အမှုထမ်းရွက်ခဲ့သူ ဦးအူသည် ၁၈၄၉ ခုနှစ်တွင် မင်းသားကြီးဦးကျောက် လုံး၏မိကျောင်းတံတားနှင့်ခြင်္သေ့ရုပ်မုခ်ဦးတို့ကို တာဝန်ယူတည်ဆောက်ခဲ့ရ၏။ ထို့ပြင် အိမ်တော်ရာစေတီတော် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ ဦးအူ၏မင်းပေးဘွဲ့မည်မှာ မင်းလှသီရိကျော် ထင် ဖြစ်သည်။ ရတနာပုံခေတ်နှောင်းကာလတွင် ထင်ရှားခဲ့သည့်အုတ်ဝန်ဦးဘိုးကြီးသည် အုတ်ဝန်ဦးအူ၏မြေး ဖြစ် ပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


-ဆက်ရန်-

အီး

အီး

အီး (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင် ဖြစ်သော ​(၆)လုံးမြောက်သရ။

အီး (နာမ်)

စအိုလမ်းကြောင်းမှ ထွက်သည့်ဝမ်းတွင်းလေပုပ်။ [ရိုင်း]

အီးပေါက် (ကြိ)

စအိုလမ်းကြောင်းမှ ဝမ်းတွင်းလေပုပ် ထွက်သည်။ လေလည်သည်။ [ရိုင်း]


-ဆက်ရန်-

အု

အု

အု (နာမ်)

မြန်မာသရ(၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၇)လုံးမြောက်သရ။


-ဆက်ရန်-

အီ

အီ


အီ (နာမ်)

မြန်မာသရ (၂၂)လုံးတို့တွင် အပါအဝင်ဖြစ်သော (၅)လုံးမြောက် သရ။


အီဂျစ်တို့၏ ယုံကြည်မှု

အီဂျစ်လူမျိုးတို့သည် လူသေလျှင် ဝိညာဉ်မှာ ကိုယ်ခန္ဓာမှ ခွာသွားသည်ဟု ယုံကြည်သည်။ သို့သော် ကျန်ရစ်သော ရုပ် ကလာပ်ကို ကောင်းမွန်စွာ မသိမ်းဆည်းထားလျှင် ဝိညာဉ်မှာ ရှည်ကြာစွာ မတည်တံ့နိုင်ဟု ယူဆသည်။ ထို့ကြောင့် အသက်မဲ့ အလောင်းကောင်များကို ဆေးစိမ်၍ ထိန်းသိမ်းထားလေ့ရှိကြသည်။ ဘုရင့်အလောင်းများကိုမူ ဆေးစိမ်၍ ပိရမစ်များ ဆောက်လုပ်ပြီး ထိန်းသိမ်းထားလေ့ရှိကြသည်။ (ဗဟုသုတဒိုင်ယာရီ၊ တွဲ ၇)


အီရန်

၁၉၃၅ ခုနှစ်တွင် ပါရှားနိုင်ငံသည် အီရန်နိုင်ငံအဖြစ် တရားဝင် အမည်ပြောင်းလဲခဲ့လေသည်။ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဗြိတိသျှနှင့်ရုရှားတို့က အီရန်နိုင်ငံ၏အချုပ်အချာအာဏာကို အသိအမှတ် ပြုခဲ့လေသည်။ (ကမ္ဘာ့နိုင်ငံ များအဘိဓာန်)


အီသီယိုပီးယား

ဒုတိယကမ္ဘာစစ်အတွင်းက အဘီစီနီယာ ဟုတွင်ခဲ့သော အာဖရိကအရှေ့ပိုင်းနိုင်ငံမှာ အီသီယိုပီးယား အမည်ခံယူခဲ့​ လေသည်။ (ကမ္ဘာ့နိုင်ငံများ အဘိဓာန်)




-ဆက်ရန်-