လေထဲက အသံရှင်

လစန္ဒာ အဆိုတေးရယ်နဲ့၊

စပြန်ကာ အပိုတွေးနိုင်ဘို့၊

ချိုအေး​နွဲ့ ရင့်ယူကာ။ ။


လေပြင်ယံ ဝေဟင်ကြောမှာလ၊

ဝေလွင်ပျံ စေနှင်မျှောလေတော့၊

ငြိမ့်လျှောစွာ သံစုံမြိုင်လို့၊

ဆည်မနိုင် ဖြေမတံ့အောင်၊

ညှင်းလွှံ့ဖြာဝေ။ ။


ဆိုတဲ့သူ ဘယ်ကိုညွှန်းပါလို့၊

ချိုနွဲ့မူ ရွယ်လိုမှန်းပါလိမ့်၊

အံ့မခန်း စွမ်းလေတာ၊

တွေးပါလိမ့် အိုအများ။ ။


သိပါလေရဲ့၊

အကြောင်းဋီကာ ဖွေတော့၊

ညွှန်းတာလေ "သူ့" ကိုဘဲသာမို့၊

နှုတ်မြွက်ကာ ပြန်လို့ပြောချင်ရဲ့၊

စိတ်စောရာ ကိုယ်မတန်တော့၊

ခွင့်ပန်ကာ ကဗျာရေးတော့၊

ဆွေးသူ ကိုယ်စား။ ။

လှသမိန်

သတင်းစုံဂျာနယ်