လူချွန်လူကောင်း

ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ် လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင် ရိပ်သိမ်းချိန်ဆိုပြန်လျှင် ဝင်းမှည့် ရွှေစင်အိလိုပင် စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် မနက်ခင်း စိတ်ရွှင်လန်းကြစေ ဆွဲငင် ဥဩသံဘွဲ့နာပျော် ကြည်ကြည်လင်လင် လုပ်ငန်းကို ကိုယ်စီဝင် စက်ရုံကြီးငယ်အရပ်ရပ်တွင် ကြည်းရေတခွင်က ရောင်းဝယ်စုန်ဆန်သာ စည်ပင် လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင် ကျနော်တို့မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင် ဗမာ့သားကောင်းများကို အဆိုအတီးမှုနဲ့ပင် ရိုသေခင်မင် အားတက်အလေးပြုလျက်ဘဲအစဉ်။

 

သံပြိုင်။ ။ကစားခုန်စား စွမ်းအားဘက်တွင် စံချိန်ရင်ဘောင်တန်းလိုက်ပင် ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင် သန်မြန် ယောက်ျားဘာသားလျှင် လျှပ်စစ်အားအသုံးများတဲ့ပြင် တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင် သစ်ပင်တွေ မြေတွင်းဓာတ်တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင် ကမ္ဘာမြေပထဝီဝင် ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာသင် အကြံဉာဏ်ဝေဘန်မျှော်လို့ပင် ငါတို့ပြည်ထောင်စုတွင် ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင် မြေပြင် ရေပြင် နှံ့စပ် စုံလင် ဒို့လူချွန်လူကောင်းတစုတွင် ပါဝင် တယောက်ဆို တအားပင်။

ဆရာဝန် ပညာတွေသင် ခေတ်ရော ရှေးမှီသမားကျော်များပင် လူထုကို ကိုယ်နဲ့ထပ်တူချစ်ခင် ရင်ဝယ်သား (ညွန့်ကြား)၂၊ သန်ထွားကျန်းမာကြံ့ခိုင် အားအင်း ကလေးတွေ ပညာရရှိဘို့တော့ အဘမိပုံသွင် အာစရိတွေပင် လူချွန် လူကောင်းလေးတွေ ဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင်။

ရေး-မြို့မငြိမ်း

ဆို-ကိုအံ့ကြီး