ဖူးစာ

(မိုး...တိမ်ဘုံလယ် ငွေလရောင်မယ် မှုန်မှုန်သာရယ်)၂၊ ကြယ်ဖြူငယ်အချို့ မှိန်းရှာလို့ ယို့ယို့ဘဲစံပယ် (ညဉ့်ဦးယာမ် လွှမ်းခဲ့ပေါ့ကွယ် လွမ်းစရာ့သည်ချိန်ခါမယ် ညဉ့်ငှက်ကလေးတွေ တေးဖွဲ့သံသာတယ်)၂၊ နာခံလျက်ကွယ် မှေးစက် မပျော်တယ် စိတ်စေစား မေ့အနားတလဝဲလည် ဘုရားမှာ တခါဆုံတဲ့ညကကွယ်။

(မျက်ထားညို ဘာအလိုများမကျ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့်သက်လှယ်)၂။

(နှင်းမှုန်ပက်ဖျန်း မြောက်ပြန်လေနော့သရမ်းလို့လားကွယ်)၂၊ ကွေးမလုံ ထွေးလာသူမဲ့ အားနွဲ့လို့လားကွယ်၊ (မောင်နဲ့ အတူ မေလဲလွမ်းတတ်မယ်ထင်တယ် တွေ့ဆုံပုံရယ် ထူးတယ်ဆိုမယ် နဖူးစာရွာအလယ်)၂၊ သစ္စာနှစ်ကိုယ်ထား မေတ္တာ ဖလှယ် ဘုရားမှာ တခါဆုံတဲ့ညကပါကွယ်။

ရေး-မန္တလေးဦးဘသိန်း

ဆို-ကိုအံ့ကြီး