ဣဋ္ဌာရုံ

မှောင်ခြွေပယ်ခွင်းတဲ့ မြအဆင်းလမင်းရောင်စုံ၊ လူတိုင်းစိတ်မှာ ဣဋ္ဌာရုံ မာလာမုံကင်းတဲ့ လေညှင်းသုန်သုန်၊ ငွေနှင်းမှုန် မှုန်၊ ချစ်တဲ့သူ ရင်ခွင်ထဲမှာလှုံ။

(ညဉ့်သုံးယံလုံး မောင်မယ်တူစုံ၊ တယောက်မျက်နှာတယောက် ကြည့်ကာ၊ အော် မျက်စိအာရုံ အာရုံ။

[စကားလက်ဆုံ​ ပြောလို့မကုန်၊ ချစ်ခြင်းပီယလောကလူ့ဘုံ]၂၊ [သံပြိုင်ဆိုတေး ချိုအေးလှတဲ့ နားအာရုံ၊ ကြည်ကြည်နူးနူး ရသာထူးတဲ့ဣဋ္ဌာရုံ]၂)၂။

(ပျိုပျိုအိုအို ချိုချိုမြမြ အလိုတော်ကျတဲ့ ဣဋ္ဌာရုံ)၂၊ (စကားမှာလဲ ဣဋ္ဌာရုံ၊ စားစရာလဲ ဣဋ္ဌာရုံ၊ ကောင်းသောနိမိတ် ဣဋ္ဌာရုံ)၂၊ (မင်္ဂလာရှိတဲ့ ဣဋ္ဌာရုံ၊ ပြိုင်ဘက်ကင်းတဲ့ဣဋ္ဌာရုံ၊ ကြိုင်ကြိုင်သင်းသင်း ဣဋ္ဌာရုံ)၂၊ (စက္ခု သောတ ဂန္ဓ ဇိဝှ ကာယ မနပါခြုံ)၂၊ ခြောက်ပါးအာရုံ ကောင်းသောဣဋ္ဌာရုံ။

(အသံထွက်ဇာတ်ကား သီချင်းပေါင်းစုံ၊ ခင်ခင်ရီဆိုပုံ ကပုံ)၂၊ ဒဂုန်ဆရာတင် သင်ထား၍ အမြင်အကြား အများဣဋ္ဌာရုံ။

ရေး-ဒဂုန်ဆရာတင်

ဆို-ခင်ခင်ရီ