တပွင့်ထဲ

မ။ ။ဟိုပင်မြင့်က ပွင့်တံဝါဝါ၊ လေပြေလေညှင်း ဆောင်ယူကာ၊ နွယ်နီပန်းမြတ် ဝတ်မှုန်ငုံလွှာ၊ လေယူရာတိမ်း ယိမ်းနေရာ၊ ဟိုပင်မြင့်က ပွင့်တံဝါဝါ၊ လေပြေလေညှင်း ဆောင်ယူကာ၊ နွယ်နီပန်းမြတ် ဝတ်မှုန်ငုံလွှာ၊ လိုချင်သူများ စောင့်လို့သာ၊ လှသူဇာ၊ စောင့်ဆိုင်းကာ၊ ပွင့်ဘို့ရာ၊ ထုံဝတ်လွှာ၊ မှုန်ဝတ်ဝါဝါ၊ ပွင့်ချင်ဆဲမှာ ပန်ချင်သူဖူးစာရှင် စောင့်ဆိုင်းကာ ဖူးဘို့ရာ၊ မှုန်ဝတ်လွှာ ပွင့်ဘို့ရာ။

ကျား။ ။ခိုင်နွယ်နီ ပန်းမြတ်ဝတ်ရယ် လှမ်းဆွတ်ယူမှာ၊ အော် မြန်းဆင်ဘို့ရာ၊ မှုန်ဝတ်လွှာ ညှာတံခက်ရယ် မညှိုးခင် ခူးဆွတ်တော့မှာ၊ ဆင်းသိင်္ဂီ ပွင့်ခက််ညီတဲ့ ပန်းလွှာ၊ ဝတ်မှုန်လွှာ၊ သင်းပျံ့ကြိုင်တဲ့ နံ့သာ၊ မောင့်ရင်အုံ သဲစုံညှာ ထက်အနားမှာ၊ မောင် ထာဝစဉ် ဆင်မြန်းမယ့် တပွင့်ထဲပန်းမာလာ။

ရေး-စန်းသော်တာ

ဆို-မောင်တင်မောင်+ခင်နှင်းရီ။