ပင်မင်းဗောဓိ

 

(သုံးလူ့ရှင်မင်း ထင်လင်းတဲ့ ပင်မင်းဗောဓိ ရွှေညောင်ပလ္လင် မဇ္ဈိမတိုင်းခွင် မှုန်မှိုင်းလို့သာဆင်)၂

ရီပြာဝေလွင် နေစောင်းသော် ရွှေကျောင်းတော်အမဝိသာခါ ကုသိုလ်ရှင် အလှူတန်ဆောင်း ကျောင်းတွေနဲ့ လူအပေါင်းတို့ ဖူးမြော်စရာစုံလင် ကုသိန္နာရုံ ပွင့်သင်းပြန့်သော် ပင်မင်းကံ့ကော် သာယာစည်ပင် စိတ်ထဲတွင် ကြည်လင် ရှု...ရှုစရာ ကြည့် ကြည့်စရာ မိဂဒါဝုန် မြေပြင်ကျောတွင် ရွှေသမင်ပေါပါသတဲ့ ပြောကြတယ်ရှင် လင်းလွန်းပင် ငွေသလင်းသဏ္ဌာန်နဲ့ ရွှေစင်္ကြန် ကြွချိန်တွင် မြရှိန်အသွင် နေရဉ္ဇာယာကမ်းတွင် ဪ စမ်းရေ တသွင်သွင် (သုံးလူ့ထိပ်ပန်း မြန်းကြလို့ ဒေသ စာဖြန့်မြန်းစဉ် နတ်ဗြဟ္မာ လူအပေါင်း သောင်းသောင်းဖျဖျ ပူဇော်လာသမျှမြင် ယှဉ်လျက်ညီ တင်လက်ချီ ပဉ္စဝဂ္ဂီ ငါးဦးတို့ တရားနာတာ အရိပ်ပမာထင်ထင် ဘုရားဖူးရာမှာ စိတ်သဒ္ဓါရွှင်ရွှင် လောဘ ဒေါသ မောဟမီး တားဆီးလို့ ကြီးမားတဲ့ သံသရာဝဲ  ပြန်မလာဘဲ အမှန်သာလွဲချင် ပြည်နိဗ္ဗာန် နန်းဝကိုမှ မှန်းဆ လွမ်းရ တခဏနဲ့ ရစေချင်။

ဆို - မြကေသီ

ရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး