ဒေါ်ကြင်အိမ် (ဒါနသုခအသင်း ဥက္ကဋ္ဌ)

ကိုလိုနီခေတ် အမျိုးသမီးဝံသာနုအသင်းများသည် တကယ် ညီညွှတ်၍ အသင်း၏အကျိုးကို ထိထိရောက်ရောက် ဆောင် ရွက်လာခဲ့ကြသည်။ ဒါနသုခအသင်းကြီးကို တည်ထောင်ခဲ့သော အမျိုးသမီးကြီးမှာ ဥက္ကဋ္ဌဒေါ်ကြင်အိမ် (မော်တင်စျေး) ပင် ဖြစ်သည်။ ထိုအသင်းမှာ မင်းစိုးရာဇာ အရာရှိကတော်များ ဦးစီးသော အခြားအမျိုးသမီးအသင်းများနှင့်ခြားနား သည်ဟု သိရသည်။ အသင်း၏အတွင်းရေးမှူးမှာ ဒေါ်လှခင် ဖြစ်သည်။

ဒေါ်ကြင်အိမ်၏မိဘများမှာ မော်လမြိုင်မြို့ ရွှေတောင်ရပ်မှ ကုန်သည်ကြီး ဦးရောင်ကြည်နှင့်ဒေါ်မျှင်တို့ ဖြစ်ကြသည်။ မောင်နှမအားလုံးအနက် ဒေါ်ကြင်အိမ်မှာ အကြီးဆုံး ဖြစ်၍ ၁၂၄၄ ခု၊ ပြာသိုလ၌ ဖွားမြင်ခဲ့သူ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ ထိုင်း-မြန်မာကုန်သည်ကြီး ဦးထွန်းနှင့်အိမ်ထောင်ပြု၍ သားသမီးလေးယောက် ထွန်းကားခဲ့ သည်။ ထို့နောက် မြန်မာ့ဝန်ထမ်း သတင်းစာတိုက်ကို တည်ထောင်ခဲ့ကြသည်။ ဒေါ်ကြင်အိမ်သည် စီးပွားရေးထက် နိုင်ငံရေးကို အလေးပေးပြီး ဆောင်ရွက်ခဲ့သူ ဖြစ်၏။ ပေါင်းတည်မြို့၌ ကျင်းပသော ဧကဒသမ အမျိုးသမီးကွန်ဖရင့် တွင် ချယ်ယာမင်အဖြစ် ဆောင်ရွက်ခဲ့၏။ ကော့ကရိတ် ဒေါ်ကြင်မြိုင်နှင့်ဒါနသုခဒေါ်ကြင်အိမ်တို့မှာ နှစ်ဦးစလုံး တရုတ်ကပြားများ ဖြစ်ကြသည်ဟု ဒေါ်ကြင်မြိုင်က ကျွန်မအား မကွယ်လွန်မီက ပြောပြသွားခဲ့သည်။

Read more: ဒေါ်ကြင်အိမ် (ဒါနသုခအသင်း ဥက္ကဋ္ဌ)

ဒေါ်ဒေါ်စု (မြန်မာမိန်းများအသင်း ဥက္ကဋ္ဌ)

ဒေါ်ဒေါ်စုကို (၁၈၇၈ ခု)၊ ၁၂၄ဝ ပြည့်၊ ပြာသိုလပြည့်ကျော် (၆) ရက်၊ တနင်္ဂနွေနေ့တွင် လက်ပံတန်းမြို့၊ အဘဦးချောင်း လိန်၊ ​အမိ ဒေါ်နှင်းဦးမှ မွေးဖွားခဲ့သည်။ မွေးချင်း(၅)ဦးအနက် အကြီးဆုံး ဖြစ်၏။ ငယ်စဉ်က လက်ပံတန်းတွင် ကျောင်း နေခဲ့၍ (၁၁)နှစ်သမီးတွင် မိခင် ကွယ်လွန်သဖြင့် (၄)တန်းအထိသာ ကျောင်းနေခွင့် ရခဲ့သည်။ (၁၂)နှစ်တွင် ဖခင်နှင့် အတူ မောင်ညီမငယ်များကို အုပ်ချုပ်ကာ အိမ်ထောင်ဦးစီးလာခဲ့သည်။

၁၉ဝ၂ ခုနှစ်တွင် ဇီးကုန်း တရားမရုံးစာရေးကြီး ဦးဘိုးသောင်းနှင့်အိမ်ထောင်ပြု၍ ၁၉ဝ၆ ခုတွင် အောက်ရုံးသို့ ပြောင်း ရွှေ့ရသည့်အချိန်မှစ၍ ရန်ကုန်တွင် အခြေစိုက်ကာ ခေါင်းချ၍ သွားခဲ့ပေသည်။

Read more: ဒေါ်ဒေါ်စု (မြန်မာမိန်းများအသင်း ဥက္ကဋ္ဌ)

မြန်မာအမျိုးသမီးထဲမှ ပထမဦးဆုံး သတင်းစာဆရာ - မိုးပုလဲ

eBook file size: 72.2 KB
ebook pages: 3
Publication: ၁၉၇၁ ခုနှစ်၊ ဇွန်လ၊ အမှတ် ၂၇ ထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။


Download



Related Articles


မြန်မာနိုင်ငံထုတ် မြန်မာသတင်းစာသမိုင်း - မောင်ကျော်လှိုင်(အသုတ်)

သတင်းစာဆရာ ဦးသိမ်းမောင် - လေးမြိုင်

သတင်း နှင့် သတင်းစာ - မြင့်ဆွေ

ပထမဆုံး မြန်မာအမျိုးသမီး ဆရာဝန်မကြီး ဒေါက်တာစောဆ - စောမုံညင်း

eBook file size: 280 KB
ebook pages: 6
Publication: ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလ၊ အတွဲ(၂)၊ အမှတ်(၁၂)ထုတ် ဖြူနီညိုပြာမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။

Download

-Related Articles-

စောမုံညင်း၏စာအုပ်ဆောင်းပါးများ