ကျွန်တော်လည်း အဖြေမသိပါ - ဒေါက်တာသန်းထွန်း

  • Print

လခြမ်းပြီ အမှတ် ၂၊ ၁၉၉၉ ရှေ့ဆုံးက ဒေါ်လှခိုင် ပြုစုတဲ့ ရခိုင်စကား အသံထွက်အညွှန်းကို တွေ့ရတော့ အရင်ငါးနှစ်က ပြင်သစ်မြန်မာ အဘိဓာန်ပြုတဲ့ ပြင်သစ်အမျိုးသမီး Madame D.Bernot က ကျွန်တော့ကို ခိုင်းတဲ့ကိစ္စတစ်ခုကို ပြန်ပြီး သတိရမိတယ်။ သူက

ရခိုင်ဝေါဟာရ များများရချင်လို့ ရခိုင်မင်းသမီးဧချင်းကို ယူကြည့်တယ်။ မြန်မာသံ မြန်မာကာရန်နဲ့မြန်မာဧချင်း ဖြစ်နေ လို့ စိတ်ပျက်ရတယ်။ ရခိုင်သံနဲ့ရခိုင်မင်းသမီး ဧချင်းစစ်စစ် ရှာပေးစမ်းပါ။ ကျွန်တော် ရှာတယ် မတွေ့ပါ။

 

မြန်မာတွေ စာရေးနည်းပညာကို မွန်ဆီက ရတယ်။ ပျူဆီက ရတယ်။ ကုလားအက္ခရာသုံးပြီး ပျူက ခရစ် ၄ ရာစုနှစ်ဆို ရင် သူတို့ပျူစကားကို အက္ခရာနဲ့စာရေးတတ်နေပြီထင်တယ်။ မွန်ကလည်း ခရစ် ၇ ရာစုဆိုရင် သူတို့မွန်စကားကို အက္ခရာ နဲ့ ရေးတတ်နေပြီထင်တယ်။ ရခိုင်က ဘယ်တုန်းက စာရေးတတ်သလဲ၊ ရှစ်သောင်းဘုရားမှာ ခုရောက်နေတဲ့ အာနန္ဒစန္ဒြကျောက်စာက သက္ကတဘာသာစကားနဲ့ ရေးထားတယ်။ ကျောက်စာကို ခရစ် ၈ ရာစုနှစ်ဦးပိုင်းက ရေးထိုးမယ် ထင်တယ်၊ ရခိုင်(အထူးသဖြင့် ဝေသာလီက) မင်းတွေအကြောင်း ရေးတယ်။ ဒါပေမဲ့ သက္ကတလိုရေးတယ်။ အဲဒီကျောက် စာ​က ရှေ့ပိုင်း မထင်ရှား၊ နောက်ပိုင်း ဖတ်မရ၊ တကယ်လို့များ အကုန်ဖတ်ရရင် ရခိုင်သမိုင်းမှာ ဖြည့်စွက်ပြောစရာ အများကြီး ပေါ်လာမယ်ထင်ပါတယ်။ မြန်မာက ခရစ် ၁၁ ရာစုနှစ်လယ်လောက်မှ စာရေးတတ်တယ်။ ရေးပြန်တော့ လည်း ယေဓမ္မဟေတုပ္ပဘဝါ ဂါထာကိုပဲ ရေးတာ၊ ဒေသသမိုင်းဆိုင်ရာ စကားအငွေ့အသက်ကလေးတောင် မပါဘူး။ ပြီးတော့ မြန်မာက မြန်မာမြေပြန့်ကို ခရစ် ၈၃၂ ပျူပျက်စီးပြီးမှာ ပျူတွေနေရာကို ဝင်လာနေထိုင်တာ ဖြစ်တယ်။ ပုဂံက ပျူတွေနေတဲ့နေရာ၊ ပျူနိုင်ငံကို ဗြဟ္မဝတ္ထုလို့ ကုလားက ခေါ်တယ်။ ဒီနာမည်ပဲ မြန်မာက ယူလိုက်တယ်။ အဲဒါတွေ အားလုံး ရခိုင်အဖြစ်အပျက်နဲ့ အများကြီး ကွာခြားနေတယ်။ အတူတူနေခဲ့ကြဖူးတယ်ဆိုတာလည်း ဟုတ်မှဟုတ်ရဲ့လား လို့ စဉ်းစားစရာ ဖြစ်လာတယ်။ အစက အတူတူနေခဲ့တယ်ဆိုရင်လည်း ခွဲခွာခဲ့တာ ဘယ်အချိန်ကလဲဆိုတာ ရှာကြည့်ဖို့ ကောင်းတယ်။ ရခိုင်တွေက ဂေါတမမြတ်စွာဘုရားနဲ့ခေတ်ပြိုင်လောက်ကပဲ မြတ်စွာဘုရား ရုပ်ထုတော်ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဂေါတမရုပ်ထု စပေါ်တာ ခရစ် ၇၆ ခုနှစ်ထက် မစောဘူး။ ဟိနယာနဂိုဏ်းက ပိဋကကို အက္ခရာ တင်တာ ခရစ်မပေါ်မီ ၃၃ နှစ်လောက်က ဖြစ်တယ်။ အဲဒီအချက်တွေနဲ့ ရခိုင်ခေတ်ဦးသမိုင်းကို ပြန်ညှိရမယ်။ မစစ်ဘဲ ရှေး စကားအတိုင်း အာနန္ဒစန္ဒြကျောက်စာအရ ခရစ်ယာန်ဓမ္မဟောင်းထဲက အဖြစ်အပျက်တွေလို သူ့အတိုင်းအတာထားမယ် ဆိုလည်း ဖြစ်ပါတယ်။ ခရစ် ရှစ်ရာစုနှစ်ဦးကပဲ ရခိုင်ဘက်မှာ သက္ကတဘာသာနဲ့ စာရေးတတ်နေပြီဆိုတော့ ရခိုင်က စောစောဟာ ပထမ သိဝဂိုဏ်း၊ နောက် မဟာယာနဂိုဏ်းဝင် မြန်မာက အနိရုဒ္ဓလက်ထက်ရောက်မှ ပိဋက ​ရတယ်။ အာနန္ဒစန္ဒြက ခရစ် ၇၂ဝ လောက်မှာ ပိဋကကို အခါခါထပ်ကူးခိုင်းနေတယ်။ ဒီတော့ ရခိုင်နဲ့မြန်မာနှစ်ဦးမှာ ရခိုင်က တိုးတက်နှုန်းမြင့်နေတယ်။ အာနန္ဒစန္ဒြမင်း ရေးကူးစေတဲ့ပိဋကဟာ မဟာယာနထွက်တွေ ဖြစ်ဖို့ များတယ်ထင်တယ်။ ရခိုင်မှာ မဟာယာန ပိဋကအပြည့်အစုံ မဟုတ်တောင် သုတ္တန်ဒေသနာက ကောက်နုတ်ချက်တွေ ရောက်နေပြီ။ ကျမ်း နာမည်​နဲ့တကွ ဖော်ထုတ်လို့ မရနိုင်ဘူးလား။ ကြိုးစားရှာဖွေသင့်တယ် ထင်ပါတယ်။ အရှေ့တောင်အာရှမှာ ခရစ်ရှစ်ရာစု နှစ်တုန်းက ဗုဒ္ဓဝါဒထွန်းကားတဲ့ အန်ကောဝပ်(ကမ်ပုဆ)၊ ဘောရောဘောဒေါ(အင်ဒိုနေရှ)က ဗုဒ္ဓသာသနာနဲ့ရခိုင်ဗုဒ္ဓ သာသနာကို နှိုင်းယှဉ်ကြည့်ရရင် အဖြေပေါ်လေမလားလို့ တွေးကြည့်မိတယ်။ အနောက်ပါကစ္စတန်၊ တက်ဆိလက မဟာယာနဲ့စပ်ဟပ်ကြည့်သင့်တယ်။ ရခိုင်နဲ့မြန်မာ ဝေါဟာရတွေကို နှိုင်းယှဉ်စစ်ဆေးပြီး ဘယ်လောက်တူတယ်၊ ဘယ်လောက်ကွဲတယ်၊ ဘာကြောင့် ဒီလို ဖြစ်သလဲလို့ အကြောင်းရင်းကို ရှာသင့်ပါတယ်။

ပျူတွေက အစ ပထမ ဗိဿနိုးဂိုဏ်း၊ နောက် မဟာယာန၊ နောက် ဟိနယာနသို့ ​အဆင့်ဆင့် ပြောင်းခဲ့တယ်။ ခရစ် ရှစ်ရာစုနှစ်ဆိုရင် သူတို့က ဟိနယာန ဖြစ်ကုန်ပြီ။ ရခိုင်က ဘယ်အချိန်ကစပြီး ဟိနယာန ဖြစ်ခဲ့ပါသလဲ။ ခေတ်ဦးကစပြီး သီရိလင်္ကာ(သီဟိုဠ်)နဲ့ ဆက်သွယ်ရေးကို ဖော်ထုတ်ရာမှာ ဖြစ်လို့ သီရိလင်္ကာဘက်က မှတ်တမ်းတွေမှာ ရခိုင်အကြောင်း ရေးသမျှ၊ ဘင်္ဂလားဘက်က ရခိုင်အကြောင်း ရေးသမျှတွေကို ပြန်ပြီး လေ့လာဖို့ လိုပါမယ်။ ၁၄ ရာစုနှစ်ကစပြီး ပေါ်တူကီ၊ ဒတ်၊ အင်္ဂလိပ်မှတ်တမ်းတွေမှာ ပါသမျှတော့ ဟိုလူရေး၊ ဒီလူရေးနဲ့ ရေးကြတယ်။ အကြောင်းအရာလည်း ထပ်နေပြီး ခရစ်နှစ်ပေါ်ဦးစက အာရေဗစ်ပါသျှ မှတ်တမ်းတွေက ဘာပြောသလဲ၊ အိန္ဒိယတောင်ပိုင်း အနောက်ဘက်ကမ်း ပါလာဘာ နဲ့ အရှေ့ဘက်ကမ်း တိုရိုမင်တယ်က ထွက်လာတဲ့တောင်ပိုင်း၊ အိန္ဒိယသားတွေရဲ့မှတ်တမ်းတွေကို မွှေနှောက်ရှာရင် ရခိုင် ခေတ်ဦး အကြောင်း အသင့်အတင့် ထွက်ပေါ်လာစရာ အကြောင်း ရှိပါတယ်။ ရခိုင်ဟာ ရခိုင်ပဲလား၊ မြန်မာမျိုးခွဲလား ဆိုတာ အထောက်အထား မရှိဘဲ ပြောလို့မရပါ။ အခု တွေ့ထားတဲ့သက္ကတကျောက်စာ ဗြဟ္မီကျောက်စာတွေနဲ့ မလုံလောက် ပါ။

ရုပ်ရှင်တေးကဗျာ၊ စက်တင်ဘာလ၊ ၂ဝဝဝ။