ပူတာအို

ငွေနှင်းမှုန်ဖွဲ၊ မိုးသဲသဲနှင့်

ရေခဲတောင်များ၊ ဝန်းရံထားသည့်

သီးခြားကမ္ဘာ ပူတာအို။


မြစ်လည်းကာဆီး၊ တောလည်းပိတ်ကာ

တောင်မှာမြင့်သီ၊ မှိုင်းပြာရီမို့

မှိုင်းညို့တောင်ကြီး၊ ကြားကဆီး၍

မြစ်ကြီးမြစ်ငယ်၊ ကြားကကွယ်လည်း

ခင်တွယ်လေးစား၊ သွေးချင်းများနှင့်

ခံစားညီတူ၊ အေးအပူကို

ဖေးကူမျှမည် ရောက်ခဲ့ပြီ။


စာပေမတတ်၊ စာမဖတ်၍

စာငတ်ပါဘိ၊ မြင်မရှိမို့

အသိမြင့်မား၊ အားသစ်ပွားကာ

နိုးကြားရင်ဝယ်၊ အမြင်ကျယ်အောင်

ဖလှယ်ဆွေးနွေး၊ သင်ကြားပေးရ

သွေးချင်းအားလုံး ပျော်မဆုံး။


မိုးနှင်းရနံ့၊ ပျံ့သောထုံသော

တောစိမ်းတောင်ရိပ်၊ တမှေးမှိတ်၍

ချွေးသိပ်တွေ့ကြုံ၊ ဓလေ့စုံကို

တွေ့ဆုံပြောကြား၊ မမောအားနိုင်

သွားလာလှုပ်ရှား၊ သွေးချင်းများနှင့်

စကားကောင်းတုန်း၊ ဖြတ်ခဲ့ရ။


နေပါဦးလား၊ သူတို့တားလည်း

စကားသွက်သွက်၊ ပြောမထွက်ပြီ

လက်ဝှေ့ယမ်းကာ၊ နှုတ်ဆက်ခဲ့။


ဝင့်ကြွားဖူးသစ်၊ သမိုင်းခေတ်ကို

အားသစ်နှင့်ကြို၊ ပူတာအိုကား

နုပျိုစိမ်းလန်း၊ တခေတ်ဆန်းလျက်

တခန်းလှစ်ဖွင့်၊ တဆင့်နိုးထ

ဘဝတထစ်၊ အလှသစ်လိမ့်

စနစ်သစ်လွှမ်း၊ ခေတ်သစ်လမ်းဝယ်

ပန်းတိုင်းပွင့်ကြပါတော့မည်။

အေးငွေ

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ ၂၉၊ အမှတ် ၁ဝ။ နှာ ၁၃၆။

ရှမ်းဌာနေခရီး

အညာသူအပူရိပ်က၊ တိတ်တဆိတ်ရှောင်ဖယ်

ပန်းလောင်ရေငွေတံတား၊ ဝင့်ကြွားမြစ်ငယ်

ချည်စက်သံညံတယ်၊ ပလိပ်နယ် အထည်တော

ချောင်းဇော်ဂျီပတ်လည်ဖောက်၊ ကျောက်ဆည်တကြော။


မိတ္ထီလာတစခန်း၊ ဝမ်းတွင်းနဲ့သဲတောဆီ

ယက်ကန်းသံဝေလျှံဖြိုး၊ ကုန်တိုးထုတ်မည်

သမပေါင်းစုံစုံညီ၊ သာစည်နယ်အင်အား

ယင်းမာ​ပင်တောင်စဉ်စ၊ ကမ္ဘောဇတံခါး။


မြပန်းခွေလည်တံကြော့နဲ့၊ ရွက်သစ်နော့တဝေဝေ

တောင်ပြာစဉ်ငယယ်မူနု၊ စိမ်းလုလုခြေ

ယာမီးခိုးဖြူပြေပြေ၊ လမ်းမြွေလိမ်မြွေကောက်

ကလောသာယာပေရဲ့၊ ရွှေညောင်မြေအရောက်လှမ်း

အောင်ပန်းတထောက်။


မိုးတိမ်ကို မျက်နှာပြု၊ နေရာလုထင်းရှူးမြိုင်

ပင်အောက်ခြေအမြင်ရှင်း၊ တောင်မင်းနဲ့ပြိုင်

စိန်ပန်းပြာအခိုင်ခိုင်၊ ငုဝါကိုပြိုင်ဝင့်

ရှမ်းပြည်နယ်အလှပွဲ ကြဲစွမ်းကုန်ဖွင့်။


လင်းအရုဏ်မှုန်တပျ၊ ချီမခဲ့ယွန်းဗျပ်နီ

ပန်းဇာချည်ပတ်လည်လွှမ်း၊ ဆွမ်းသစ်သီးစီ

ကျောင်းကန်ရိပ်အလီလီ၊ နှစ်သစ်ရည်ဒါန

ထုံဗေဗေအိုးစည်ဟည်းတယ် တောင်ကြီးအလှ။


မြို့ညောင်ရွှေတထောက်နား၊ နောက်ပါးကရေပြင်ကြည်

​ဧရာညီတောင်တွေကြား၊ ပုန်းထားဟန်ချီ

အင်းလေးခေါ်တွင်မည်၊ ရေပေါ်ဆီနေတဲ့ရပ်

ရေငြိမ်မှာလှေတိမ်ပဲ့ကို ခြေနဲ့လှော်ခတ်။


ကျွန်းမျောတွေရေပြင်စု၊ အိမ်ယာပြု လူ့စွမ်းအင်

သီးနှံ​စုံဝေဆာလျှမ်း၊ ယက်ကန်းသံလွင်

ဖောင်တော်ဦးမြတ်ရှင်ပင်၊ သဒ္ဓါရွှင်ရိုကျိုး

ကြည်ညိုဖွယ်မြတ်ရုပ်ပွား ရွှေသားအုပ်မိုး။


အင်းလုံချည်ပင်နီစနဲ့၊ လွယ်အိတ်လှရွေးကာဝယ်

အင်းပျိုဖြူပါးမို့လေး၊ ဆေးဘယ်သူခြယ်

လာအုံးနော့ မှာရှာတယ်၊ ခရီးသည်ဧည့်တဦး

စကားသံချိုချိုဝဲရယ် စွဲမမေ့နိုင်ဘူး။


သူတို့မြေခွာလို့ထွက်၊ ခရီးဆက်မမောနိုင်

မင်္ဂလာကန်မြမင်းနဲ့၊ ပင်းဒယလိုဏ်

သစ်ခွပန်းအခိုင်ခိုင်၊ ဆူဆူပြိုင်လှူဒါန်း

ကျောက်သားစိုင် သဘာဝနဲ့

ရွှေဥမင် သာအလှကို

တမ်းတ ပြန်လမ်း။

ခင်ငြိမ်းချမ်း

မြဝတီမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ ဩဂုတ်လ၊ အတွဲ ၂၉၊ အမှတ် ၁ဝ။

မြန်မာရိုးရာပဋိမာ သိပ္ပံပညာမုဒြာများ - စဝ်ထွန်းမှတ်ဝင်း

eBook file size: 27.4 MB
ebook pages: 209
Publication: မြန်မာနိုင်ငံ သာသနာရေးဦးစီးဌာနဝဘ်ဆိုက်မှ ပြန်ယူတင်သည်။
Brief: မြန်မာရိုးရာ ဗုဒ္ဓရုပ်ပွားတော်များအကြောင်းစာအုပ် ဖြစ်ပါသည်။


Download


 


Related Articles


သုတေသနပြုစုနည်း အမျိုးမျိုး - စဝ်ထွန်းမှတ်ဝင်း (မဟာဝိဇ္ဇာ - ဟားဗတ်တက္ကသိုလ်)

အဂတိတရား - စဝ်ထွန်းမှတ်ဝင်း

 

 

Pannasa-Jataka or Zimme Pannasa - Padmanabhs Jaini

eBook file size: 8.3 MB
ebook pages: 314
Publication: မြန်မာနိုင်ငံ သာသနာရေးဦးစီးဌာန
Brief: ဇင်းမယ်ပဏ္ဏာသပါဠိဘာသာကို ရောမအက္ခရာပြန်၍ လန်ဒန်နိုင်ငံ ပါဠိအဖွဲ့အစည်းမှ ပုံနှိပ်ထုတ်ဝေထားသည်။


Download



Related Articles


 

ဒို့သွေးသား ကဒူးများနှင့်ပြောစည်အက - မောင်ဉာဏ်ဝန်

eBook file size: 103 KB
ebook pages: 5
Publication: ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၃၅ ထုတ် ငွေတာရီမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။
Brief: ဤဆောင်းပါးတွင် ကဒူးလူမျိုးများ၏ရာဇဝင်နှင့်တကွ ပြောတီးပုံအကြောင်းကို ထည့်သွင်းရေးသားထားပါသည်။


Download


 


Related Articles


ကတူးကဏန်းတို့၏ဌာနေသို့ တစ်ခေါက် - ဦးသိုက်ထွန်း

ဒို့သွေးသား ဂဏန်းအောင်မြေသို့ - ရန်အောင်မောင်မောင်

ဂဒူး ဂနန်း လူမျိုးဆန်း

ရေဥ - ကသာသင်းမွှေး